အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းစပါးထုတ်လုပ်မှုအပေါ် အထွက်နှုန်းကို မြေ တစ်ရိုင် (Rai) လျှင် ပျှမ်းမျှ အားဖြင့် စပါး (၆၀၀) ကီလိုဂရမ်အထိ တိုးမြှင့်လိုပြီး Premium-grade အဆင်စပါးများကို ပိုမိုအာရုံစိုက်လိုကြောင်း သိရှိရပါသည်။ ကြာသာပတေးနေ့ (၂၇-၈-၂၀၂၀ ရက်နေ့) က ကျင်းပခဲ့သော ဆန်စပါးဆိုင်ရာ မဟာဗျူဟာအလုပ်ရုံ ဆွေးနွေးပွဲအပြီးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr.JUrin က မြေတစ်ရိုင် (Rai) လျှင် စပါး (၆၀၀) ကီလိုဂရမ်အထိ အထွက်နှုန်းကိုမြှင့်တင်ရန်လိုအပ်ကြောင်းနှင့် ဆန်စပါးနှင့် အခြားမျိုးစေ့များ အတွက် သုတေသနနှင့်ဖွံ့ဖြိုးရေး R&D အသုံးစရိတ်များအား တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ထိုင်းနိုင်ငံအနေဖြင့် ဆန်စပါးဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနနှင့် ဖွံ့ဖြိုတိုးတက်ရေး (R&D) အတွက် တစ်နှစ် လျှင်ဘတ်ငွေသန်း (၂၀၀) သာ ချထားပေးကြောင်း၊ ဗီယက်နမ်ထက်စာလျှင် သိသိသာသာနည်းပါးကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်စပါးနှင့် အခြားမျိုးစေ့များဖွံ့ဖြိုး တိုးတက်မှုအတွက်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၁၀၀)၊ ဘတ်ငွေအားဖြင့်ဆိုပါက (ဘတ်ငွေ ၃ဘီလီယံ) ခန့်အသုံးပြုလျှက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏ ပြောကြားချက်အရ ကမ္ဘာပေါ်တွင် ခန့်မှန်းခြေအားဖြင့် ၂၀၂၀-၂၁ သီးနှံရာသီ အတွင်း ကြိတ်ခွဲပြီး ဆန်တန်ချိန် စုစုပေါင်းတန်ချိန် (၅၀၀) သန်းခန့် ထုတ်လုပ်သွားရန်ရှိနေကြောင်း၊ ၎င်းမှာ ၂၀၁၈-၂၀၁၉ သီးနှံရာသီကရှိခဲ့သော တန်ချိန် (၄၉၇) သန်းထက် များပြားလာခြင်းဖြစ်ကြောင်း၊ ပျှမ်းမျှအထွက်နှုန်း အနေဖြင့် မြေတစ်ရိုင်လျှင် (၇၃၆) ကီလိုဂရမ်ရှိကြောင်း၊ ၎င်းမှာ ယခင်နှစ်သီးနှံရာသီက ရှိခဲ့သော (၇၃၀) ကီလိုဂရမ် ထက် များပြားကြောင်းသိရှိရပါသည်။
ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၀-၂၁ သီးနှံရာသီအတွက် ပျှမ်းမျှအထွက်နှုန်း မြေတစ်ရိုင်လျှင် (၄၅၀) ကီလိုဂရမ်ဖြင့် ကြိတ် ခွဲပြီး ဆန်တန်ချိန်(၂၀)သန်း ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုအထွက်နှုန်းမှာ အခြား သော ဆန်စပါးတင်ပို့သည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေကြောင်း၊ ဗီယက်နမ် (မြေတစ်ရိုင်လျှင် ၉၃၄ ကီလို ဂရမ်)၊ အင်ဒိုနီးရှား (မြေတစ်ရိုင်လျှင် ၇၆၅ ကီလိုဂရမ်)၊ အိန္ဒိယ (မြေတစ်ရိုင်လျှင် ၆၄၃ ကီလိုဂရမ်)၊ တရုတ် (မြေ တစ်ရိုင်လျှင် ၁,၁၂၈ ကီလိုဂရမ်)၊ အမေရိကန် (မြေတစ်ရိုင်လျှင် ၁၃၆၃ ကီလိုဂရမ်) ဖြစ်ကြကြောင်း၊ ထိုင်းနိုင်ငံအနေ ဖြင့် ဆန်စပါးအထွက်နှုန်းတွင် အိမ်နီးချင်းနိုင်ငံများထက်လည်း နည်းပါးကြောင်း၊ မြန်မာ (မြေတစ်ရိုင်လျှင် ၄၆၁ ကီလိုဂရမ်)၊ လာအို (မြေတစ်ရိုင်လျှင် ၅၁၈ ကီလိုဂရမ်)၊ ကမ္ဘောဒီးယား (မြေတစ်ရိုင်လျှင် ၄၆၂ ကီလိုဂရမ်)နှင့် မလေးရှား (မြေတစ်ရိုင်လျှင် ၆၄၂ ကီလိုဂရမ်)တို့ ထွက်ရှိကြောင်း သိရှိရပါသည်။
မစ္စတာဂျူရင်က တိုင်းပြည်အနေဖြင့် ၂၀၂၀-၂၀၂၄ ခုနှစ် ဆန်စပါး မဟာဗျူဟာစီမံချက်ဖြင့် စပါးအမျိုးအစား (၇) မျိုးအပေါ်တွင် အာရုံစိုက် ဆောင်ရွက်သွားသင့်ကြောင်း၊ ၎င်းတို့မှာထိုင်းဟုန်းမလိဆန် (Thai Hom mali rice)၊ ထိုင်းဆန်မွှေး(Thai fragrant rice)၊ ပျော့ပြောင်းသည့် ဆန်ဖြူ (Soft textured white rice) မာသောဆန်(Hard-textured white rice)၊ ပေါင်းဆန်(Parboiled rice)၊ ကောက်ညှင်းဆန်(Glutinous)၊နှင့် အထူးဆန်(Speciality rice)တို့ဖြစ်ကြောင်း၊ ဆန် ဈေးကွက်ကိုလည်း (၃) မျိုးခွဲခြားသင့်ကြောင်း၊ Premium Market အတွက် ထိုင်းဟုန်း မလိဆန် (Thai Hom mali rice)၊ ထိုင်းဆန်မွှေး (Thai fragrant rice)၊ Mass Market အတွက် ပျော့ပြောင်းသည့် ဆန်ဖြူ Soft textured white rice) မာသောဆန် (Hard-textured white rice)၊ ပေါင်းဆန် (Parboiled rice)၊ Speciality Market အတွက် ကောက်ညှင်းဆန် (Glutinous)၊ နှင့် အထူးဆန် (Specialityrice) တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းက မဟာဗျူဟာ စီမံချက်အနေဖြင့် ပို့ကုန်တင်ပို့မှု ကုန်ကျစရိတ်ကိုလျှော့ချနိုင်ရန်နှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ် ပြိုင်စွမ်းအား တိုးတက်စေရေး တို့အတွက် တိုင်းပြည်၏ ထောက်ပံ့ပို့ဆောင်ရေး (Logostic) စွမ်းဆောင်ရည်ကို မြှင့် တင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ပြည်တွင်းမျက်နှာစာအတွက်မူ မဟာဗျူဟာအနေဖြင့် ပြည်တွင်း စားသုံးမှုနှင့် ထုတ်လုပ်မှုနှင့် ရေအရင်းအမြစ်ထောက်ပံ့မှုဖွံ့ဖြိုးတိုးတက်မှုတို့အကြား ဟန်ချက်ညီမျှတမှု(Balanced) ဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် လယ်သမားများအား ဈေးကွက်ဝယ်လိုအားနှင့်အညီ မည်သို့စိုက်ပျိုးရမည်ဆိုသည်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အလားအလာရှိသော ဝယ်လက်များနှင့် မည်ကဲ့ သို့ အချိတ်အဆက်ပြုရမည်ဆိုသည်တို့ကို လယ်သမားများအား ပညာပေးရေးတို့အတွက် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် ပူးပေါင်းဖွဲ့စည်းဆောင်ရွက်လိုကြောင်း သိရှိရပါသည်။
ထိုင်းဆန်တင်ပို့သူများအသင်း ဉက္ကဌ Charoen Laothammatas က အစိုးရအနေဖြင့် ဆည်မြောင်းစနစ် ဖွံ့ဖြိုးတိုး တက်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာတိုးတက်မှု (Post Harvest Improvement) တို့အတွက် ပိုမိုရင်းနှီးမြှုပ် နှံဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်စဉ် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် လယ်ယာစိုက်ပျိုးခြင်းကို အလျှံအပယ်ဖြစ်ခြင်းမှ ကာကွယ်ရန် နှိုင်းနှိုင်းချိန်ချိန်ဖြင့် စီမံခန့်ခွဲရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်း နိုင်ငံအနေဖြင့် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံဖြစ်လာသည် ဖြစ်မလာသည်မှာ အရေးမကြီးကြောင်း၊ အရေး ကြီးသည်မှာ ကမ္ဘာ့ဈေးကွက်ဝယ်လိုအားအတွက် ထိုင်းဆန်ကို မည်သို့ဆောင်ရွက်မည်ဆိုသည်နှင့် ပြည်တွင်းဈေး နှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းထားရန်သာ အရေးကြီးကြောင်း Mr. Charoen ကပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)